စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပရမ်းပတာ သီအိုရီ ခေါ် Chaos Theory


“ကမ္ဘာကြီးရဲ့ အခြားတစ်ဘက်မှာ လိပ်ပြာလေး အတောင် တစ်ဖက်ခတ်ခြင်းက အစပြုသတဲ့ လေပွေမုန်းတိုင်းများ” လို့ လေးဖြူဆိုတဲ့ သီချင်းတစ်ပုဒ်ကြားဖူးကြပါလိမ့်မယ်။ ဒါက Chaos Theory ခေါ် butterfly effect ခေါ် ပရမ်းပတာ သီအိုရီရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ Chaos Theory ဆိုတာကတော့ ကိုယ်လုပ်လိုက်တဲ့ သေးငယ်တဲ့ အလုပ်တစ်ခုဟာ ကိုယ်မမျှော်မှန်းမိတဲ့ ကြီးမားတဲ့ ဖြစ်ရပ်ကြီးကို ဖြစ်ပေါ်စေပါတယ်။ အဲဒီ သီအိုရီကို ရူပဗေဒ၊ ဆေးပညာ၊ အာကာသပညာ စတဲ့ နယ်ပယ်အသီးသီးမှာ အသုံးပြုကြပါတယ်။

လူမှုဆက်ဆံရေး နယ်ပယ်မှာလည်း ကိုယ့်ရဲ့ အမှတ်မထင် လုပ်လိုက်တဲ့ အပြုအမူလေး တစ်ခုက ကိုယ်မလိုချင်တဲ့ သက်ရောက်မှုတွေကို ယူဆောင်လာတတ်ပါတယ်။ ဒါမျိုးက စီးပွားရေးနဲ့ စီမံခန့်ခွဲမှု လောကမှာ အရေးကြီးပါတယ်။ ကိုယ်က အမှတ်တမဲ့နဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်း၊ မသိလိုက်မသိဘာသာနဲ့ လုပ်လိုက်မိတဲ့ အပြုအမူတစ်ခု၊ စိတ်ခံစားမှုကို မထိန်းနိုင်ပဲ ချလိုက်တဲ့ဆုံးဖြတ်ချက်အမှားတစ်ခုက ကိုယ့်တည်ဆောက်ထားတဲ့ အောင်မြင်မှုကို တမဟုတ်ချင်းမှာပဲ ချေဖျက်လိုက်နိုင်ပါတယ်။

ဒါကြောင့် Chaos Theory ကြောင့်မို့ရလာနိုင်တဲ့ လူမှုရေးဆိုင်ရာရလဒ်ဆိုးတွေ မကြုံရစေဖို့အတွက် စီမံခန့်ခွဲမှု ပညာရှင် Billie G. Blair က သိသုံးသိနဲ့ အကြံပြုထားပါတယ်။

ပထမ သိ ကတော့ .. သင်လုပ်သမျှ အရာရာတိုင်းမှာ ကြီးမာတဲ့ တန်ပြန်သက်ရောက်မှုတွေ ရှိတယ်ဆိုတာကို သိဖို့ပါ။

ဒုတိယ သိ ကတော့ ခုချိန်မှာ သူငယ်ချင်းဖြစ်နေပေမဲ့လို့ အပြုအမူ အပြောအဆို အမှားတစ်ခုကြောင့် ရန်ဘက်ဖြစ်သွားနိုင်တယ်ဆိုတာကို သိဖိုဖြစ်ပြီးတော့...

တတိယ သိ ကတော့ ဘယ်လိုပင်သေးငယ်တဲ့ အပြုအမူ အပြောအဆိုမဆို သင့်လျှော်မှုရှိမရှိကို သေသေချာချာ သုံးသပ်ဖို့လိုပါတယ်။ အထူးသဖြင့် တန်ပြန်သက်ရောက်မှုကို ကြိုစဉ်းစားဖို့လိုပါတယ်။

စီမံခန့်ခွဲမှု သင်တန်းတွေမှာ အသေးအမွှားလေးတွေနဲ့ ချွေးထွက်မခံနဲ့၊ ကြီးမားတဲ့အရာတွေကို ပဲအချိန်ပေးပါ လို့ သင်ကြားခဲ့ကြပါတယ်။ ဒါပေမဲ့ သေးသေးမွှားမွှားလေးတွေကပဲ Chaos Theory ထဲ ရောက်သွားပြီးတော့ ကိုယ့်ကိုလည်း ပရမ်းပတာဖြစ်သွားစေနိုင်ပါတယ်။

Ref: http://www.referenceforbusiness.com/management/Bun-Comp/Chaos-Theory.html

https://www.facebook.com/myanmaentrepreneurs/photos/a.1427500567529655.10737418

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...