စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ Evan Spiegel



ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ အဖြစ် Evan Spiegel ဟာ အသက် ၂၄ နှစ်အရွယ်မှာ (၂၀၁၄ ခုနှစ်က) ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။ Evan ဟာ ၁၉၉၀ ခုနှစ် ဇွန်လ ၄ ရက်ဖွား ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာပဲ သူ့ရဲ့ ပိုင်ဆိုင်မှု ငွေကြေးဟာ အနည်းဆုံး ၁.၅ ဘီလျံရှိတယ်လို့ ထုတ်ပြန်ချက် ထွက်ပြီးနောက် ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ အဖြစ် အသိမှတ်ပြု ခံခဲ့ရခြင်း ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုဖွား Evan ဟာ Snapchat လို့ အမည်ရတဲ့ မိုဘိုင်း Application ကို သူငယ်ချင်း နှစ်ဦးနဲ့ အတူ တည်ထောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူက လက်ရှိ အမှုဆောင် အရာရှိချုပ်ပါ။ တည်ထောင်တုန်းက စတန်းဖို့ တက္ကသိုလ်ရဲ့ ကျောင်သား အဖြစ်သာ ရှိသေးပြီး ကျောင်းမှာ လုပ်တဲ့ ပရောဂျက် တစ်ခု အဖြစ်သာ လုပ်ခဲ့ရာ နောက်တော့ ဈေးကွက်ကို ဖြန့်ချိတဲ့ အထိ လုပ်လိုက်ပါတယ်။

Snapchat ဟာ ဗီဒီယိုနဲ့ ပုံတွေကို အဓိက ပို့ပြီး Chat ရတဲ့ Chat App တစ်ခု ပါပဲ။ ၁၀ စက္ကန့်ထပ် မကြာတဲ့ ဗီဒီယိုများကို ပို့ပြီး စကားပြောတဲ့ App ဖြစ်တာကြောင့် စတင်ပေါ်ပေါက်တဲ့ ၂၀၁၁ နှစ် အကုန်လောက်မှာပဲ လူကြိုက်များခဲ့ ပါတယ်။ ၂၀၁၂ လောက်မှ ဈေးကွက်မှာ တရားဝင် ဖြန့်တာ ဖြစ်ပါတယ်။ ယနေ့မှာတော့ တစ်ရက်ကို Snapchat ပေါ်မှာ ဗီဒိယိုနဲ့ ပုံပေါင်း သန်း တစ်ထောင်ကျော်မက တင်နေပြီ ဖြစ်ပါတယ်။ သုံးစွဲသူ အများစုက အမေရိကနဲ့ ဥရောပမှာ ရှိပြီး အာရှ နိုင်ငံ အချို့မှာလည်း အသုံးများပါတယ်။

Evan ဟာ Snapchat ကို အားစိုက် လုပ်ချင်တာကြောင့် စတန်းဖို့ တက္ကသိုလ်မှာ သူ အထူးပြု သင်ယူနေတဲ့ Art and Design ဘာသာရပ်ကို ဘွဲ့မရခင်လေးမှာ ထွက်ပြီးတော့ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတော့ ကျောင်းမပြီးသေးတဲ့ လူငယ် တစ်ယောက်ပါပဲ။ အတူ တည်ထောင်သူ စုစုပေါင်း သုံးယောက်ရှိရာ Evan ကတော့ နာမည်အကြီးဆုံး၊ လူသိအများဆုံး စတင် တည်ထောင်သူ တစ်ဦး ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...