စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သတိထားစရာ Facebook နဲ့ဆိုင်တဲ့ ပြစ်မှုများ


 

ကမ္ဘာပေါ်မှာရော၊ မြန်မာပြည်မှာရော လူအသုံးအများဆုံး ဆိုရှယ် လူမှုရေး ၀ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Facebook ဟာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိနေတာကို ကျွန်တော် တို့တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက Facebook သုံးသူတွေထဲ မတွေ့ထိ မမြင်ရဘဲ လူတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာ ခက်ပါတယ်။ Facebook ဟာ လစဉ်အသုံးပြုသူ ၁.၄ ဘီလီယံ သုံးစွဲသူရှိပါတယ်။

 ကျွန်တော်တို့ မြန်မာပြည်မှာလည်း သုံးစွဲသူတွေ အရမ်းကို များပြားလာတာရဲ့ နောက်မှာ အခုထိတော် ထင်ထင်ရှားရှား ဖေ့ဘုတ်နဲ့ဆိုင်တဲ့ ပြစ်မှုတွေကို မသိရပေမဲ့ အနောက်နိုင်ငံတွေမှာတော့ ပြစ်မှုတွေက ပြီးခဲ့တဲ့ နှစ်လောက်အထိဖြစ်ပေါ်နေခဲ့ပါတယ်။ Facebook မှာ ၇.၅ သန်းရှိတဲ့ ကလေးတွေက အသက်လိမ်ပြီး အသုံးပြုနေကြပါတယ်။ အဲဒီနောက်မှာတော့ အတွေ့အကြုံနုနယ်မှု၊ ငယ်ရွယ်မှုတွေကို အခွင့်ကောင်းယူပြီး ကလေး ပြန်ပေးဆွဲမှုတွေနဲ့ အဓမ္မမှုတွေ၊ လူသတ်မူတွေကို ဖြစ်ပေါ်လာစေပါတယ်။
.
ဆယ်ကျော်သက် အရွှယ်ရှိတဲ့ Ashleigh ဟာ ပီတာလို့ခေါ်တဲ့ အသက် ၃၅ အရွှယ်ရှိတဲ့ ဖေ့ဘုတ်မှာ ငယ်ရွှယ်ချောမောတဲ့ ပုံအတုတွေ တင်ပြီး Ashleigh ကို အပြင်မှာတွေ့၊ အတင်း အဓမ္မပြုပြီး လူသတ်မှုတွေ ကျူးလွန်ခဲ့ဖူးတဲ့ သာဓကတွေရှိပါတယ်။အဓိကက ကိုယ်မသိတဲ့ သူတွေကို ဆိုရှယ် အွန်လိုင်းတွေမှာ ယုံကြည်ပြီး ဆက်ဆံတာပဲ ဖြစ်ပါတယ်။ အဲဒီနောက်
ခင်မင်မှုရဲ့ နောက်ကွယ်မှာ လိုက်လျောမှုတွေဟာ ပါလာပါတော့တယ်။
.
ဘယ်လို အတတ်နိုင်ဆုံးကာကွယ်မလဲ ၊
--------------------------------------------
ဒါကတော့ အပြင်မှာ မသိတဲ့သူတွေကို ဌင်းတို့ Friend request ပို့တဲ့အခါမှာ ကိုယ်က လက်မခံမှုစေဖို့၊ လက်ခံလိုတဲ့ဆိုရင်းလည်း သူတို့ကို သေချာစွာ ဆန်းစစ်ကြည့်ရပါမယ်။ ကိုယ်ကလည်း ပုံအလှလေးတွေ သူတို့တင်ထားလို့ မစူးစမ်းဘဲ သွား add တာကို ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ 


Virtual အွန်လိုင်းဖြစ်နေတာမို့ Facebook မှာ အသုံးပြုတဲ့ ဓာတ်ပုံတွေ၊ အချက်အလက်တွေက အမှန်တွေလို ဘယ်သူမှ အတိအကျပြောလို့မရပါဘူး။ ကိုယ်ရဲ့ ဓာတ်ပုံတွေကို တင်တဲ့နေရာမှာလည်း Public မလုပ်ပဲ Friends ပဲ လုပ်ထားသင့်ပါတယ်။ ဒါမှ တစ်စိမ်းတွေက ကိုယ်ရဲ့ အတွေးရေးတွေကို မသိနိုင်မှာ ဖြစ်ပါတယ်။ လူဆိုတာ ကိုယ်အကြောင်းကို တစ်ခြားသူရဲ့ စိတ်ဝင်သားမူကို ခံချင်တာ သဘာဝပါပဲ။ 

သူများတွေကို ကိုယ်အတွင်းရေးတွေကို မြင်စေတာက ကိုယ်ကို
ရောနိုင်အောင် ၊ မသမာမှုပြုနိုင်အောင် အားပေးသလို ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်ပုံ မသုံးတဲ့ တစ်ခြားသူတွေနဲ့ သိပ်မဆက်ဆံတာ ကောင်းပါတယ်။ စိတ်ပညာ သဘောတရားအရ လူတိုင်းက ကိုယ်ဓာတ်ပုံတွေကို သူများဆီပြချင် ကြွားချင်ကြတာ သဘာဝ ပါ။ မယုံကြည်ရတဲ့ အွန်လိုင်းမှာ ကိုယ်ကိုယ်ကို Safe ဖြစ်စေတာ အကောင်းဆုံးပါပဲ။ ယုံလျှင်လည်း ချင့်ချိန်ပြီးမှ ယုံပါလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
.

အောင်ဟိန်း


https://www.facebook.com/Internationalnewsformyanmar/photos/a.150971318323342.407

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...