စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခရီးသွားစဉ် ပျို့-အန်ခြင်း (Motion sickness )


             

၁။ ကျွန်တော် အသက် ၃၁ နှစ်ဖြစ်နေပြီ။ အခုချိန်ထိ ခရီးဝေးသွားရင် ကားစီးတ့အခါ ခေါင်းချွေးတွေထွက်ပြီး မူးပြီးအန်တယ်။ အဲကွန်းပါပေမယ့် အလုံးပိတ်ဆိုရင် ကားစီးပြီး ၃ နာရီကြာလောက်ဆို ကားမူးပြီး ဆေးကြိုသောက်ပေမယ့်လည်း မရဘူး။ ခရီးသွားရင် အစာမစားရဲဘူး။ စားရင်အန်တယ်။ ရေသောက်ရင် ရေပြန်အန်တယ်ဆရာ။ ကိုယ်ရဲ့ immune system အားနည်းလို့လား။ အဓိကတော့ ချွေးစေးထွက်ပြီးမူးတာ။ လေရရင် သက်သာတယ်။ ခရီးသွားရင် ကားမမူးအောင် ဘယ်လိုပြင်ဆင်ရမလဲ။
 

၂။ အသက်က ၂၆ နှစ်ရှိပါပြီ။့ မှာ အလုပ်လာလုပ်တာ ၃ လ လောက်ပဲရှိပါသေးတယ်။ အလုပ်ကစိတ်ဖိစီးမှု နည်းနည်း ရှိပါတယ်။ ရန်ကုန်မှာနေတုန်းက ကားမူးပြီးအန်ချင်တာလောက်ပဲရှိတာပါ။ ဆေးခန်းပြတာလဲ စကားပြော အဆင်မပြေတာကြောင့်ပါ။
ခရီးသွားစဉ် မူးဝေအော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်သိပြီး ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ဖြစ်တဲ့အခါ နားအတွင်းထဲရှိတဲ့ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ ပေးပို့ချက်တွေ သဟဇတမဖြစ်လို့ မူးဝေအော့အန်ဖြစ်စေခြင်းဖြစ်တယ်။ ဒါကြောင့် နားအတွင်းကလာမဲ့ ပေးပို့ချက်ကို ဦးနှောက်က အန်ခြင်းကို ဖြစ်စေတဲ့နေရာဆီ မရောက်စေအောင် တားဆီးမဲ့ဆေးကိုပေးရတယ်။ Hyoscine, Cyclizine, Cinnarizine, Promethazine တို့ကိုပေးနိုင်တယ်။


အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ။ ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမယ်။ အချို့ဆေးက ၄ နာရီခံပြီး အချို့က ၂၄ နာရီခံတယ်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ တခြားအအန်သက်သာဆေးတွေက မထိရောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါအတွက် တနေ့ ၄-၆ ကြိမ်။ အိပ်ချင်မယ်။ အိပ်ပျော်နေမယ်။


အကြံပြုချက်များ
မိုးကုပ်စက်ဝိုင်းဆီကိုသာကြည့်ပါ။ အဝေးကိုကြည့်ပါ။ စာမဖတ်ပါနဲ့။ ခေါင်းကိုငြိမ်ငြိမ်ထားပါ။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူနဲ့တွဲမထိုင်ပါနဲ့။ ခရီးမထွက်မီ အဆီ-အစပ်များတာမစားပါနဲ့။ အရက်မသောက်ပါနဲ့။ အပြင်ကို မမြင်ရချိန်မှာဆိုရင် မျက်စိတဖက်တည်းသာဖွင့်နေပါ။ အိပ်နိုင်အောင်ကြိုးစားပါ။ ပီကေ (ခြူယင်းဂမ်း) ဝါးနေပါ။ လေအေး လေသန့်ရတာသက်သာစေတယ်။


Meclizine (Antivert), Dimenhydrinate (Dramamine) ဆေးတခုခုကို ခရီးမထွက်မီ နာရီဝက် တနာရီကြိုသောက်ပါ။ ဆေးက အိပ်ချင်မှာကိုသတိပြုပါ။ Scopolamine transdermal patches (1.5 mg) ဆေးကပ်ခွါ၊ Scopolamine tablet form (0.4 mg) ဆေးပြားသုံးနိုင်တယ်။ ခရီးမထွက်ခင် စောနိုင်သမျှစောစောကြိုကပ်ထားပါ။ တခါကပ်ရင် ၇၂ နာရီခံတယ်။ ပန်းနာ၊ မျက်စိရေတိမ်၊ ဆီးအသွားခက်သူတွေနဲ့မသင့်ပါ။ Metoclopramide နဲ့ Prochlorperazine ဆေးလဲ သုံးနိုင်တယ်။ head-worn computer device ခေါင်းတပ် ကွန်ပြူတာသုံးကိရိယာလဲ သုံးကြတယ်။ ViBAN မျက်စိတပ် ကိရိယာလဲ သုံးတယ်။ Wristband လက်ကောက်ဝတ်တပ်စရာလဲ သုံးတယ်။ Ginger root ချင်း (ဂျင်း) မြစ်ကိုလဲ သုံးကြတယ်။
ဒေါက်တာတင့်ဆွေ
ကျန်းမာရေးသတင်းများ

https://www.facebook.com/myawadyhealth/photos/a.430012523729271.102863.425704497

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...