စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိုးရေနှင့် ဆိုလာစွမ်းအင် သိုလှောင်နိုင်သော ရွက်ဖျင်တဲ




အမျိုးသမီး ဗိသုကာ ပညာရှင် တစ်ဦးက ရွှေ့ပြောင်း လုပ်သားများ အတွက် မိုးရေနှင့် ဆိုလာ စွမ်းအင် စုဆောင်းထားနိုင်သော ရွက်ဖျင်တဲများ တီထွင်ပေးခဲ့သည်။ အဆိုပါ ရွက်ဖျင်တဲကို အလွှာ နှစ်ထပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး စိုစွတ် အေးမြသည့် ရာသီဥတုတွင် အအေးဒဏ် ခံစားရခြင်းမှ ကင်းဝေးစေမည် ဖြစ်ကာ နွေရာသီတွင် လေအေးများ ဝင်နိုင်စေမည်ဟု သိရသည်။

ရွက်ဖျင်တဲ ထိပ်မှ မိုးရေခံမည် ဖြစ်ပြီး အဆိုပါ မိုးရေကို ရွက်ဖျင်တဲ နံရံသို့ စီးဆင်းစေမည် ဖြစ်သည်။ သို့သော် ရေချိုးလိုပါက လှည့်လည် စီးဆင်းမှု စနစ် အရ ရွက်ဖျက်တဲ ခေါင်မိုးပေါ်သို့ ရေပြန် တင်နိုင်မည် ဖြစ်သည်။ ရွက်ဖျင်တဲ နံရံမှ စုပ်ယူထားသည့် ဆိုလာ စွမ်းအင်ကို ဘက်ထရီ၌ သိုလှောင်ထားမည်ဖြစ်ပြီး ညဘက်တွင် မီးထွန်းရန် အသုံးပြုနိုင်မည် ဖြစ်သည်။
အဆိုပါ ရွက်ဖျင်တဲကို တီထွင်ခဲ့သည့် ရှိတ်ကလေ ဆိုသော အမျိုးသမီးမှာ သဘာဝဘေး အန္တရာယ် ခံစားရသူများနှင့် စစ်ဘေးသင့် ဒုက္ခသည်များအတွက် ရည်ရွယ်၍ တီထွင်ခဲ့ခြင်းဖြစ်သည်။

Nz (ရိုးရာလေး)
https://www.facebook.com/permalink.php?story_fbid=948518395191413&id=171647766211817

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...