စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျန်းမာစေဖို. မီးဖိုချောင်ထဲက အချက်အချို.


 
၁) အာလူး
အာလူးတွေက အလင်းသိပ်မကြိုက်ကြပါဘူး။ ခြောက်သွေ့ တဲ့နေရာနဲ့ သဘာဝအခန်း အပူချိန်ကိုသာ ကြိုက်ကြပါတယ်။ အကယ် ၍ အာလူးကိုရေခဲသေတ္တာထဲ ထည့်လိုက်တဲ့အခါ၊ သူ့ ရဲ့ မူလအရသာများ ပျက်စီးသွားပါတော့တယ်။
ဒါ့ပြင် ချက်ပြုတ်တဲ့အခါ တော်တော်နဲ့ မနူးအိလာတော့ဘဲ၊ စားတဲ့အခါမှာမာဆတ်ဆတ်ဖြစ်သွားပါတယ်။ အာလူးအခွံပေါ်မှာ အစိမ်းရောင်သန်းနေရင်(လုံးဝ)မ၀ယ်ပါနဲ့ ။ အဆိပ်ဖြစ်စေတတ်လို့ ပါ။ (ထို့ နည်းတူစွာပင် ပိန်းဥ၊ကန်စွန်းဥတွေကိုလဲ ရေခဲသေတ္တာထဲ သိမ်းမထားသင့် ပါဘူး)
 

(၂) ကြက်သွန်နီ
ကြက်သွန်နီတွေကို ပုံမှန်အခန်းအပူချိန်ထဲမှာသာထားပေးရပါမယ်။ကြက်သွန်နီတွေ ကြာကြာခံစေဖို့ အတွက် ဇာကွက်/ပိုက်ကွန် အိတ်တွေကအကောင်းဆုံးပါဘဲ။ နောက်ထပ်အရေးကြီးဆုံးအချက်က ကြက်သွန်နီတွေ နဲ့ 
အာလူးတွေကို တူတူရောမထားသင့် ပါဘူး။ ကြက်သွန်ထဲမှာပါတဲ့သဘာဝဟင်းခတ်အမွှေးအကြိုင်ရနံ့ တွေကို အာလူးက စုပ်ယူပစ်လို့ ပါ။ ဒါ့ပြင်ကြက်သွန်နဲ့ အာလူး များအားလုံး တခဏတွင်းမှာပင် ပုပ်သွားစေပါတယ်။


(ကြက်သွန်နီတွေကို တနေ့ တာချက်ပြုတ်ဖို့ အတွက် လိုအပ်သလောက် သာ
အခွံနွှာပါ။ အကယ်၍ အခွံနွှာ ထက်ခြမ်းခြမ်းပြီးတော့မှ ပိုလျှံ၍ နောက်နေ့ မှ
သုံးတဲ့အခါ အစာအိမ်ကို အဆိပ်ပြုစေပြီး အော့အန် စေနိုင်ပါတယ်။ အဲဒီလို
ပြဿနာမဖြစ်ရလေအောင် အခွံနွှာပြီးသား ပိုလျှံနေတဲ့ကြက်သွန်နီတွေကို
အပူပေးဆီသတ်၍ အအေးခံပြီး နောက် ဗူးထဲမှာရေလုံအောင်ဖုံးပြီးမှသာ
ရေခဲသေတ္တာထဲ ထဲ့သိမ်းပေးပါ။ ဗူးလေလုံဖို့ အရေးကြီပါတယ်။ လေမလုံပါက ရေခဲ
သေတ္တာ တခုလုံးအနံ့ ဆိုးထွက်ပြီး၊ အထဲရှိ တခြားပစ္စည်းများအားလုံးကို အနံ
့ကူးကာ လတ်ဆတ်မှုမရှိစေတော့ပါဘူး)
 

(၃) ကြက်သွန်ဖြူ
ကြက်သွန်အဖြူတွေကိုလည်း ကြက်သွန်နီတွေလိုဘဲ၊ ဇာကွက်/ပိုက်ကွန်
အိတ်တွေထဲထဲ့ပြီး အခန်းအပူချိန်မှာသာ သိမ်းထား သင့်ပါတယ်။
 

(၄) ခရမ်းချဉ်သီး
အိမ်ရှင်မတိုင်းလိုလို က ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲသိမ်းထားမှ
ကြာကြာခံတယ်လို့ ထင်မှတ်မှားနေကြပါတယ်။ အဲဒီလို သိမ်းထားခြင်းက
ခရမ်းချဉ်သီးရဲ့ အနံ့ အရသာတွေ (အားလုံး)ပျက်ယွင်းသွားစေလိ
့အင်မတန်မှားယွင်းတဲ့ အပြုအမူဖြစ်ပါတယ်။ အကောင်းဆုံးကတော့
ခရမ်းချဉ်သီးတွေကို ပလပ်စတစ်အိတ်ထဲလေလုံအောင်ထဲ့၍
ပုံမှန်အခန်းအပူချိန်မှာသာ သိမ်းထားရပါ မယ်။ (အကယ်၍ ခရမ်းချဉ်သီးတွေကို
မြန်မြန်မှည့်စေချင်ရင်၊ စက္ကူအိတ်မှာ သိမ်းပေးပါ)
 

(၅) ဌက်ပျောသီး
ရခိုင်၊ ဖီကြမ်း၊ သီးမွှေး၊ ရွှေဌက်ပျော စတဲ့ ဌက်ပျောသီး
ဘယ်အမျိုးအစားတွေကိုမဆို ရေခဲသေတ္တာထဲ (လုံးဝ)သိမ်းမထားသင့်ပါ ဘူး။
အဲဒီလို သိမ်းထားလိုက်တဲ့အခါ၊ မကြာမီအတွင်းမှာပင်
ဌက်ပျောသီးကိုအအေးရိုက်၍ ဌက်ပျောခွံတွေမည်းတက်လာပြီး၊ အနံ့ အရသာ၊
ကျမ္မာရေးဂုဏ်သတ္တိတွေ အားလုံးဓာတ်ပြယ်သွားစေပါတယ်။ ဌက်ပျောသီးရဲ
့သဘောတရားက မကြာခဏထိကိုင် မိတဲ့အခါ အပူလောင်ပြီး ပျော့လာတတ်တာမို့ ၊
ဌက်ပျော်သီးအခိုင်တွဲကို အလယ်ကနေ ကြိုးခွချည်ပြီး တိုင်မှာချိတ်ထားပေးပါ။
ဌက်ပျောသီးရဲ့ အညှာကို ပလပ်စတစ်အစနဲ့  တုပ်ချည်ပေးခြင်းက နောက်ထပ်
၎-ရက်(သို့ မဟုတ်)၅-ရက်လောက် အထားခံပါ တယ်။


 (ဌက်ပျောခွံပေါ်မှာအမည်းအစက်အပြောက်ပါတဲ့ အသီးတွေက အပင်ပေါ်မှာ ကြာကြာရင့်မှည့်လာတာမို့ 
အရသာပို ကောင်းပြီး ဆေးစွမ်းပိုထက်ပါတယ်)

 https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741826.382550531917058/446637648841679/?type=1&theater

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...